December 17, 2007

"ရှင်သန်ခြင်း"

ရွာဦးကျောင်းက
အုန်းမောင်းခေါက်သံနှင့်အတူ
လင်းကြက်တို့တွန်လေပြီ
အရှေ့ဆီကနေရောင်နှင့်အတူ
အာရုံဦးနံနက်ခင်းကိုမွေးဖွားခဲ့ပြီ
တနေ့တာ၏နိုးထခြင်းနှင့်အတူ
အနာဂတ်ရောင်ခြည်ကိုထိုးဖေါက်တော့မယ်
ကဲ
. . . . . . . . . . . . သွားကြစို့

ဖန်သားပြင်ပေါ်ကသူငယ်ချင်း

လူလည်းမမြင်
အသံလည်းမကြား

စာသားအနက်၊
ပီကာဆိုလျှက်

ခင်မင်ရတဲ့သူငယ်ချင်းရယ်။
နေ့စဉ်မပြတ်
စာရောက်ရက်ကို
မှန်းကာမျှော်လျှက်
မနက်ဖြန်ရောက်တိုင်း
တွေ့ချင်လျှက်ပါ
သူငယ်ချင်း...