December 29, 2007

အတွင်းကြေ
မင်းအမြင်မှာတော့
သံယောဇဉ်ကင်းတဲ့
ခပ်တင်းတင်းမျက်နှာနှင့်
ခံစားချက်များကိုပိတ်လှောင်
နှလုံးသားကို အမှောင်ချထားသူပေါ့...

မင်းအမြင်မှာတော့
သောကတွေကင်းဝေး
အေးစက်တဲ့ အပြုံးတွေနှင့်
မာနရိပ်တွေစွန်းထင်းနေတဲ့
ခံစားချက်ကင်းမဲ့သူပေါ့...

ဒါပေမဲ့...
ငါ့ရင်ထဲမှာတော့
ဘယ်သူမှ မသိအောင်ကြေကွဲ
တိတ်တဆိတ် မျက်ရည်ဝဲနေရတဲ့
ခါးသီးလှတဲ့နေ့ပေါင်းများစွာကို ဖြတ်သန်း
အသဲကျွမ်းနေရတဲ့
အလွမ်းသမားလေးတစ်ယောက်ပေါ့...
ဟန်ဆောင်အပြုံးလေးတွေနှင့်
ရင်ထဲက ဒဏ်ရာကို ဖုံးကွယ်ထားသူပေါ့...

December 25, 2007

သူငယ်ချင်း

ခင်မင်မှုဆိုတာ
အရည်အချင်း
ပိုင်ဆိုင်မှုနဲ့
ဂုဏ်ပကာသနပေါ်မှာ မမှီခိုဘူး
ယုံကြည်မှုနဲ့နားလည်မှုပေါ်မှာရော...........

သူငယ်ချင်းတို့ရေ ... လောကနီတိထဲက မိတ်ဆွေကို ပြဆိုသော အပိုင်းလေးကို ပြောချင်တယ်

၁။ အကျိုးစီးပွားကို ဆောင်ရွက်သော် ရန်သူသည် မိတ်ဆွေမည်၏။
အကျိုးစီးပွားကို မဆောင်ရွက်သော် မိတ်ဆွေသည် ရန်သူမည်၏။
အနာရောဂါသည် ခန္တာကိုယ်၌ ဖြစ်လျက် အကျိုးမဲ့ကို ပြုတက်၏။
ဆေးသည်တော၌ ဖြစ်လျက်လူ၏ အကျိုးစီးပွားကို ဆောင်တက်သည်။

၂။ မျက်ကွယ်ရာ၌ ကျေးဇူးကို ချေဖျက်တက်သော
မျက်မှောက်၌ ချစ်ဖွယ်သော စကားကို ပြောဆိုတက်သော
မိတ်ဆွေမျိုးကို အဆိပ်အိုး၌ ကျရောက်သော
ပျားရည်ကို မသုံးဆောင်ဘဲ ရှောင်ကြဉ်ရသကဲ့သို့ ရှောင်ကြဉ်ရာ၏။

၃။ ကျွန်တို့၏ အကဲကို ခိုင်းစေကြည်သော အခါသိရာ၏။
ဆွေမျိုးတို့၏ အကဲကို ဘေးရောက်သော အခါသိရာ၏။
မိတ်ဆွေတို့၏ အကဲကို ဥစ္စာနည်းသော အခါသိရာ၏။
မယားတို့၏ အကဲကို စည်းစိမ်ကုန်မှ သိရာ၏။

၎။ စီးပွား၌ယှဉ်သောသူသည် ဆွေမျိုးမည်၏။
ကျွေးမွေးတက်သောသူသည် မိဘမည်၏။
အကျွမ်းဝင်သောသူသည် မိတ်ဆွေမည်၏။
ယောက်ကျားတို့၏ စိတ်နှလုံးကို ငြိမ်းစေတက်သောသူသည် မယားမည်၏။

၅။ မျက်နှာမှာ ပဒုမ္မာကြာကဲ့သို့ ရွှင်၏။
ပြောဆိုသော စကားက စန္ဒကူးနံသာကဲ့သို့ အေးမြ၏။
စိတ်နှလုံးမှာ လွန်စွာမှ သေစေတက်သော အဆိပ်နှင့် တူ၏။
ထိုကဲ့သို့သဘောရှိသူမျိုးကို မပေါင်းသင်းရာ၏။

၆။ မကောင်းသော အရပ်ဒေသ
မကောင်းသော မိတ်ဆွေသင်္ဂဟ
မကောင်းသော အမျိုးအနွယ်
မကောင်းသော ဆွေမျိုးသားချင်း
မကောင်းသော မယား
မကောင်းသော ကျွန်
ဤခြောက်မျိုးကို ဝေးစွာ ရှောင်ကြဉ်ရာ၏။

၇။ ရောဂါနှပ်စက်သောအခါ
ငတ်မွတ်ခေါင်းပါသောအခါ
စည်းစိမ်ပျက်စီးသောအခါ
ရန်သူဖမ်းမိသောအခါ
တရားရုံး၌ အမှုဆိုင်ရသောအခါ
ခန္တာဝန်ထုပ် အကောင်ပုပ်ကို မြှုပ်နှံပြာချ သုသာန်ကိစ္စကြုံသောအခါ
ဤအခါတို့၌ ရပ်တည်ကူညီသောသူသည် မိတ်ကောင်းဆွေကောင်းမည်၏။

၈။ နှုတ်ခွန်းချိုသာသော စကားရှိသူသည် မိတ်ဆွေပေါများ၏။
နှုတ်ထွက်ကြမ်းတမ်းသောသူသည် မိတ်ဆွေနည်းပါ၏။
ဤအရာ၌ နေမင်း၊ လမင်းတို့၏ ဥပမာကို ထောက်၍ သိအပ်၏။