December 29, 2007

အတွင်းကြေ
မင်းအမြင်မှာတော့
သံယောဇဉ်ကင်းတဲ့
ခပ်တင်းတင်းမျက်နှာနှင့်
ခံစားချက်များကိုပိတ်လှောင်
နှလုံးသားကို အမှောင်ချထားသူပေါ့...

မင်းအမြင်မှာတော့
သောကတွေကင်းဝေး
အေးစက်တဲ့ အပြုံးတွေနှင့်
မာနရိပ်တွေစွန်းထင်းနေတဲ့
ခံစားချက်ကင်းမဲ့သူပေါ့...

ဒါပေမဲ့...
ငါ့ရင်ထဲမှာတော့
ဘယ်သူမှ မသိအောင်ကြေကွဲ
တိတ်တဆိတ် မျက်ရည်ဝဲနေရတဲ့
ခါးသီးလှတဲ့နေ့ပေါင်းများစွာကို ဖြတ်သန်း
အသဲကျွမ်းနေရတဲ့
အလွမ်းသမားလေးတစ်ယောက်ပေါ့...
ဟန်ဆောင်အပြုံးလေးတွေနှင့်
ရင်ထဲက ဒဏ်ရာကို ဖုံးကွယ်ထားသူပေါ့...

No comments: